Burmese (Myanmar)  English (United Kingdom)  
MFF Logo


About MFF

MFF was founded in 1989 as one of the highest national level for business organization with a view to enourage and promote the fishery industries of Myanmar. More


Warning: Parameter 1 to modMainMenuHelper::buildXML() expected to be a reference, value given in /home/cp773556/public_html/www.fishfedmyanmar.com/libraries/joomla/cache/handler/callback.php on line 100
၁၀/၂၀၁၆ ကြိမ်မြောက် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ

ရန်ကုန်၊ ဇွန်(၂၉)ရက်


- မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ သဘာပတိ၊ နာယက ဦးစိုးဝင်းက ဇွန်လ(၄)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲတွင် MOALI ၊ ပြည်ထောင်စုဝန်ကြီးတက်ရောက်ပြီး လုပ်ငန်းဆိုင်ရာအသင်းများနှင့် လုပ်ငန်းရှင်များအားလုံး၏တင်ပြမှု၊ ဆွေးနွေးမှုများကို လက်ခံ၍ ကျေးဇူးတင်ပါကြောင်း၊ ယင်းအစည်းအဝေးတွင် ၀န်ကြီးက ငါးလုပ်ငန်းနှင့် ပတ်သက်သောကိစ္စများကို လက်ခံဆွေးနွေးပေးရန် သဘောတူခဲ့ကြောင်း၊ အင်္ဂါအစည်းအဝေးကို ကိုယ်တိုင် မတက်နိုင်လျှင် ကိုယ်စားလှယ်လွှတ်ပေးပြီး ဆောင်ရွက်ရမည့်ကိစ္စများကို ၀န်ကြီးက ဆောင်ရွက်ပေးမည်ဟု ပြောကြားသွား ကြောင်း၊ အစည်းအဝေးမှတ်တမ်းကို ၀န်ကြီးထံပြန်တင်ပြရန်နှင့် ဆောင်ရွက်ရမည့်ကိစ္စများကို ဆောင်ရွက်ပေးမည်ဟု ကတိပေး သွားကြောင်း၊  ဖြေရှင်းရာတွင်လွယ်ကူစေရန် တင်ပြမည့်အကြောင်းအရာများကို တိုတိုရှင်းရှင်းတင်ပြရန်ဖြစ်ကြောင်း၊ သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းမှာ အမှန်တကယ်လိုအပ်ကြောင်းကို ၀န်ကြီးလက်ခံကြောင်း၊  မွေးမြူသည့်နေရာ၊ ဆောင်ရွက်သည့်အခြေ အနေ၊ ဖမ်းဆီးနေမှုစသည့် အတွေ့အကြုံများတင်ပြသည့်အခါ ၁၀ မိနစ်ခန့်သာဆွေးနွေးရန်ဖ်ြဖစ်ပြီး ကျန်ရှိသည့်ကို အထေ ထွေပိုင်းကျမှ ဆွေးနွေးကြစေလိုကြောင်း၊ ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် ဆောင်ရွက်ပေးရန်လိုအပ်သောကိစ္စများကို လွှတ်တော်မှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ကွင်းဆင်းပြီး ဆွေးနွေးခြင်းနှင့် လုပ်ငန်းများ အား လေ့လာမှုလုပ်ခဲ့ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဆောင်ရွက်သည့်ကိစ္စများကို မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းနှင့် ဆက်စပ်မှုရှိစေလိုကြောင်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်များက လည်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်သို့ ဆက်လက်တင်ပြသွားရမှာဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်လျှင်ဖွံ့ဖြိုးတိုးတက်မှာဖြစ် ကြောင်း၊ စည်းကမ်းရှိရမည်ဖြစ်ပြီး အဆင့်ဆင့်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သုတေသနနှင့် ဖွံ့ဖြိုး ရေးမှာ အရေးကြီးပါကြောင်း၊ ငါးလုပ်ငန်းများဖြစ်သည့် မွေးမြူရေး၊ ဖမ်းဆီးရေးစသည့်လုပ်ငန်းများတွင် မှတ်တမ်းများနှင့် ဆောင် ရွက်သွားကြရန်လိုကြောင်း ပြောကြားပါသည်။

- ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က အဖွဲ့အစည်းအသီးသီးမှတင်ပြလာသည့် တင်ပြ ချက်များကို မှတ်တမ်းများရယူပြီး တာဝန်ရှိသော ညွှန်ကြားရေးမှူးချုပ်မှတဆင့် ၀န်ကြီးထံဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ကာလက အခြေအနေအရပ်ရပ်ကြောင့် မတက်ရောက်နိုင်ခဲ့ပါကြောင်း၊  ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီး၊ မွေးမြူ၊ ထုတ်လုပ်မှု၊ တင်ပို့မှုစသည့်လုပ်ငန်းများ များစွာရှိပြီး ပြည်ပတင်ပို့မှုတွင်လည်း တိုင်းဒေသကြီးအားလုံးထက်ပိုပြီး လုပ်ငန်းများ လုပ်ဆောင်ရာတွင် စည်းကမ်းရှိရန်လိုအပ်ပါကြောင်း၊ ပြည်ပပို့ကုန်နှင့်ပတ်သက်၍ ဆက်စပ်လုပ်ငန်းဖြစ်ခြင်းကြောင့် ပေါင်းစည်း လုပ်လျှင် အောင်မြင်နိုင်ကြောင်း၊ မိမိအနေဖြင့်တင်ပြရလျှင် ချိတ်ဆက်မှုအားနည်းခြင်းဖြစ်ကြောင်း၊ ဌာနအနေဖြင့် လိုအပ်သော ပေါင်းစပ်လုပ်ငန်းတွေကို ငါးလုပ်ငန်းအဖွဲ့ချုပ်ရဲ့သဘောထားများရယူပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပြီးခဲ့သည့် (၃)လပိုင်းကမှ ဌာနအနေဖြင့် ပြည်ပမှ တီလားပီးယားတင်းသွင်းရန် စီစဉ်ထားပါကြောင်း၊ ဌာနအနေဖြင့် တီလားပီးယားတင်သွင်းသည့် အခါမှာ လည်း လက်ရှိအနေအထားအရ လှော်ကားတွင် ငါးသားပေါက်များပြုစုရန် စီစဉ်ထားကြောင်း၊ Three Star Trading Co.,Ltd မှ လည်း ငါးရံ့သားပေါက်နှင့် ငါးပြေမသားပေါက်တို့ထုတ်လုပ်ပြီး တရုတ်လှတွင် ငါးပြေမကို မွေးမြူရာအောင်မြင့်သည့်အနေအထား ရှိပါကြောင်း၊ သို့သော်ပြင်ပသို့ ဖြန့်ဝေရန် အစီအစဉ်မရှိပါကြောင်း၊ ပြည်ပမှတင်သွင်းမှုကိုလည်း ဌာနအနေဖြင့် ကန့်ကွက်မှုမရှိ သော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ခွင့်ပြုချက် လိုအပ်ပါကြောင်း၊ မျိုးစပ်ငါးခူကိုသာ ပိတ်ပင် ထားတာရှိကြောင်း၊ ကဏ္ဍပေါင်းစုံက တင်ပြလာသည်များကို အသိအမြင်ဖလှယ်ပြီး မည်သို့တိုးတက်အောင်လုပ်မလဲဆိုသည့် စိတ်ဓါတ်နှင့် ဆောင်ရွက်လျှင် အချိန်မကြာသောကာလအတွင်း၌ ငါးလုပ်ငန်းများ အောင်မြင်လာမှာဖြစ်ကြောင်း ဆွေးနွေး ပြောကြားပါသည်။

- မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ အမှုဆောင်အရာရှိချုပ် ဦးဟန်ထွန်းက သမိုင်းသစ်ဖွင့်သောနေ့ဖြစ်ကြောင်း၊ တချိန်တုန်းက ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့ အနီးကပ်ဆောင်ရွက်သောကြောင့် ငါးလုပ်ငန်းများတိုးတက်ခဲ့ပါကြောင်း၊  ၂၀၁၀-၂၀၁၅ ခုနှစ်မှာဝန်ကြီးဌာနနှင့် အလှမ်းဝေးကွာသောကြောင့် တိုးတက်မှုနှေးကွေးသွားကြောင်း၊ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရာတွင် အစိုးရက ဦးဆောင်မှသာ အောင်မြင်မှာဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် အစိုးရကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် တိုးတက်အောင်မြင်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အစိုးရမပါဝင်ဘဲလုပ်၍ မရပါကြောင်း၊ အစိုးရကချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာရမှာဖြစ်ကြောင်း၊ ပြည်ပတင်ပို့မှုတွင်လည်း ငါးလုပ်ငန်းဦး စီးဌာန၏ခွင့်ပြုချက်၊ ထောက်ခံချက်ပါမှ အဆင်ပြေမှာဖြစ်ကြောင်း၊ နိုင်ငံခြား Project များလာလျှင်လည်း အစိုးရမပါဝင်ပါကမရပါ ကြောင်း၊ ကျန်ရှိနေသောသယံဇာတများကို ဖမ်းဆီးရာတွင် ကျွမ်းကျင်သောရေလုပ်သားဖြစ်ရန်အတွက် ပြည်ပနိုင်ငံများသို့ ငါးလုပ်ငန်းဦးစီးဌာနမှ ထောက်ခံချက်ပါမှသာသင်တန်း တက်ရောက်ခွင့်ရှိကြောင်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအရင်က ရှိခဲ့ကြောင်း၊ အခုမရှိပါကြောင်း၊ နောင်လာမည့်အချိန်တွင် ခေတ်မှီဖွံ့ဖြိုးတိုးတက်လာရန် မွေး/ရေ၀န်ကြီးဌာန ရှိရန်လိုအပ်ပါ ကြောင်း၊ ငါးမဖမ်းရရာသီတွင် ငါးဖမ်းသင်္ဘော ၄၀ ရာခိုင်နှုန်းပိတ်ထားပါကြောင်း၊ ပင်လယ်ပြင်တွင် ငါးဖမ်းဧရိယာစုစုပေါင်း(၁၃၉) ကွက်ရှိပြီး ငါးမဖမ်းရဧရိယာမှာ (၁၃၁)ကွက် သတ်မှတ်ထားသည့်အတွက် ရေပြင်အားလုံးနီးပါး သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ငါးဖမ်းသင်္ဘောများကို VMS တပ်ဆင်ပြီးထိန်းချုပ်သင့်ကြောင်း ဆွေးနွေးတင်ပြပါသည်။

- မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ဒု-ဥက္ကဋ္ဌ ဦးဝင်းစိန်က မိမိတို့ မွေးမြူရေးလုပ်ငန်းသည် စိုက်ပျိုးရေးကို အခြေခံကြောင်း၊ နိုင်ငံတော်ပိုင်းကလည်း မွေးမြူရေးကို ဦးဆောင်ပြုလုပ်သင့်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် Guide Line လိုအပ်ပါ ကြောင်း၊ Infrastructure လည်းလိုအပ်ပါကြောင်း၊ နိုင်ငံခြားမှ FDI လုပ်ငန်းများဝင်လာပါကြောင်း၊  ယင်းလုပ်ငန်းများက ကြီးထွားလာပြီး တိုင်းရင်းသားလုပ်ငန်းများက ဒုံရင်းဖြစ်နေကြောင်း၊ FDI လုပ်ငန်းရှင်များက Export လုပ်ငန်း မည်သည့်အတွက် ကြောင့် မလုပ်နိုင်သည်ကို မသိပါကြောင်း၊ ၀က်မွေးမြူရေးသမားများက ယခင်ဝက်(၂)သန်းခန့် မွေးခဲ့ကြသော်လည်း ယခုအချိန် တွင် (၁)သန်းခန့်သာ မွေးနိုင်ကြတော့ကြောင်း၊ ၀က်နားရွက်ပြာရောဂါနှင့် သားလျှောရောဂါဒဏ်ခံစာနေရသောကြောင့် ဖြစ်ကြောင်း၊ အေးခဲကြက်သားနှင့်ကြက်သားပေါက်အရှင်များ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှဝင်နေပြီး တရားဝင်ခွင့်ပြုမည်ဆိုပါ က စစ်ဆေးရန်လိုအပ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းတိုးတက်ရန်အတွက် လုပ်ငန်းရှင်များပေါင်းစည်းပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်း ကာ ပူးပေါင်းလုပ်မှသာ မွေးမြူရေးလုပ်ငန်းအောင်မြင်မည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါသည်။

- မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဒေါက်တာမြင့်ဆွေက အဓိကငါးမြစ်ချင်းမှာတစ်နေ့ထက်တစ်နေ့ ကုန်ထုတ်လုပ်မှုမှာကျဆင်းနေကြောင်း၊ ပို့ကုန်တိုးနိုင်ရန်အတွက် တီလားပီးယားကို မွေးမြူသွားရန်ရှိသော်လည်း ငါးမျိုးသား ပေါက်ရရှိရန်ခက်ခဲမှုကြောင့် မမွေးနို်င်ပါကြောင်း၊ ထိုင်းနိုင်ငံမှငါးသာပေါက်ဝယ်သော်လည်း ကုန်ကျစရိတ်မှာများနေပါကြောင်း၊ ဌာနနှင့် လုပ်ငန်းရှင်၊ တက္ကသိုလ်တို့ပေါင်း၍ တီလားပီးယားသုတေသနလုပ်ရန်လိုအပ်ပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ မွေးမြူရေးသမားများအတွက် ငါးသားပေါက်ရောင်းပေးစေလိုကြောင်း ဆွေးနွေးတင်ပြပါသည်။

- မြန်မာနို်င်ငံပုစွန်မွေးမြူထုတ်လုပ်ရောင်းချသူများအသင်း၊ ဒု-ဥက္ကဋ္ဌ ဦးစိုးထွန်းက ယခင်ရေချိုပုစွန်သားပေါက်စခန်းအားလုံး(၇)ရုံရှိ ပြီး ယခု(၂)ရုံသာကျန်တော့ကြောင်း၊ သားပေါက်လုပ်ငန်းများမအောင်မြင်သည့်အတွက် ဆုံးရှုံးမှုများစွာရှိပါကြောင်း၊ ယိုးဒယားမှ တင်သွင်းသော ပုစွန်သားပေါက်များမွေးမြူသော်လည်း ရောဂါပါလာပြီး သေဆုံးမှုများသောကြောင့် မအောင်မြင်ပါကြောင်း၊ မြန်မာနှင့်ဘင်္ဂလားဒေရှ်အတွေ့အကြုံဖလှယ်ပွဲကို ဇွန်လ(၂၄)ရက်နေ့ သတ်မှတ်ထားပါကြောင်း၊ အဓိကအာဖြင့် နည်းပညာချင်း ဖလှယ်မှာဖြစ်ကြောင်း၊ ရေချို၊ ရေငန်သားပေါက်ပညာရှင်တွေပါဝင်မှာဖြစ်ကြောင်း၊ မြန်မာငါး၊ ပုစွန်မွေးမြူရေးစာတမ်းများ ဖတ်ကြားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ပုစွန်သားပေါက်လုပ်ငန်းအတွက် အဓိကအကျိုးရှိမည်ဖြစ်ကြောင်း၊ နည်းပညာဖလှယ်ပြီး ပူးပေါင်းလုပ်ဆောင်လျှင် အကျိုးများစွာရမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါသည်။

- မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဒု-ဥက္ကဋ္ဌ ဒေါက်တာဒေါ်တိုးနန္ဒတင်က ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ငါးဖမ်းရေယာဉ်တိုးပေးခြင်းသည် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မည်သည့်မူကြောင့် ဆိုသည်ကို သိလိုကြောင်း၊ ငါးဖမ်းရေယာဉ် တိုးပေးခြင်းသည် Jetty ကြောင့်ဟုဆိုလျှင် လက်မခံပါကြောင်း၊ အစည်းအဝေးတွင်ဖြေကြားသော MICA အဖြေကို မကြိုက်ပါကြောင်း၊ မြေလွတ်များတွင် Fishing Development အရင်လုပ်ရမည်ဖြစ်ကြောင်း၊ မအောင်မြင်မှကွန်ဒိုမီနီယံဆောက်မည်ဆိုလျှင် လက်ခံပါကြောင်း၊ Fishing Area တွင်ဘာလုပ်မည်ဆိုသည်ကို သိပိုင်ခွင့်ရှိသဖြင့် ချပြစေလိုပါကြောင်း၊ MFF သို့ DOF မှအစည်းအဝေးတက်ရောက်ခွင့် ရသည့်အတွက် ၀န်ကြီးကို ကျေးဇူးတင်ပါကြောင်း၊ တိုင်းဒေသကြီးဦးစီးမှူးလာရောက်သည့်အတွက် အလေးထားပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှာ မိမိတို့နိုင်ငံအတွက် မည်သည့်ငါးကို မွေးသင့်တယ်၊ မည်သည့်နေရာတွင် မွေးသင့်သည်ဟု ပညာပေးဦး ဆောင်ရမှာဖြစ်ကြောင်း၊ ဥပမာအားဖြင့် တီလားပီးယားငါးသားပေါက်များကို ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူရမည်ဖြစ်ကြောင်း၊ အားလုံးဝိုင်းဝန်းလုပ်မည်ဆိုလျှင် တိုးတက်အောင်မြင်လာမှာဖြစ်ကြောင်း၊ ဆွေးနွေးချက်အားလုံးကို ဆက်လက်တင်ပြပေးစေလို ကြောင်း ဆွေးနွေးတင်ပြပါသည်။

- MPEA မှ အတွင်းရေးမှူး ဦးမျိုးညွန့်က နိုဝင်ဘာ(၂)ရက်နေ့ကစပြီး ၂ ပတ်တိတိ EU မှလာရောက်စစ်ဆေးမည်ဖြစ်ကြောင်း၊ ပူး ပေါင်းဆောင်ရွက်မည့် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများကို ရန်ကုန်တွင်ယာယီရုံးထိုင်စေလိုပါကြောင်း၊ ရန်ကုန်မြို့တွင် စက်ရုံအများဆုံးရှိပါကြောင်း၊ ကြို့ကုန်းအအေးခန်းစက်ရုံနယ်မြေအတွင်းတွင် ရေလုပ်ငန်းနှင့်ပတ်သက်မှုမရှိသောလုပ်ငန်းများ မလုပ်ရဆိုပြီး သတ်မှတ်ထားသော်လည်း Jetty အနီးတွင် ဘိလပ်မြေဖျော်စက်တည်ဆောက်နေကြောင်း၊ ဘိလပ်မြေစက်ရုံ ကြောင့် အအေးခန်းစက်ရုံ(၁၁)ရုံတွင် ဆိုးကျိုးသက်ရောက်မှာဖြစ်ကြောင်း၊ ထုတ်လုပ်မှုများပေါ်တွင် ထိခိုက်နိုင်သောကြောင့် တားမြစ်ပေးစေလိုကြောင်း၊ EU မှလက်ခံမှာမဟုတ်ကြောင်း၊ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံမှာပြုလုပ်မည့် Export ပြပွဲကိုသွား ရောက်လေ့လာမည်ဖြစ်ကြောင်း၊ မြန်မာနို်င်ငံတွင် ကြက်မွေးမြူရေးလုပ်ငန်းမအောင်မြင်သေးကြောင်း၊ စင်္ကာပူတွင်ကြက်သား ၁ ကီလို ၃၀၀၀ ကျပ်ခန့်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ၆၀၀၀ ကျပ်ခန့်ဖြစ်နေပါကြောင်း၊ ကြက်သားတင်သွင်းမှုတရားဝင်ဖြစ်လျှင် မပိတ်စေလိုကြောင်း၊ အေးခဲဟူသောစကားသည် အန္တရာယ်မရှိကြောင်း၊ တရားမ၀င်ဟူသည်က အန္တရာယ်ရှိပါကြောင်း ဆွေးနွေး တင်ပြပါသည်။

- မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ အတွင်းရေးမှူး (၂)ဦးခင်စိုးက မွေးမြူရေးလုပ်ငန်းသည် ၇၀ ရာခိုင်နှုန်းမှာ အစာတွင်မှီခိုနေရ ကြောင်း၊ သန့်ရှင်းလတ်ဆတ်ပြီး၊ ဈေးနှုန်းတည်ငြိမ်သော အစာရရှိရေးအတွက် ၀န်ကြီးဌာနမှလေ့လာရန် လိုကြောင်း၊ ဖွဲ့နု၊ ပဲဖတ် များ ဈေးမြင့်နေကြောင်း၊ ပဲဖတ် ၁ ပိဿာ ၁၁၅၀ အထိ ရှိနေကြောင်း၊ စိုက်ပျိုးရေးနိုင်ငံဖြစ်သော်လည်း အစာဈေးတက်နေသဖြင့် မည့်သည့်အကြောင်းကြောင်းကြောင့် အစာဈေးတက်နေသည်ကို သီးခြားလေ့လာရန်လိုကြောင်း၊  အစာဈေးကျလျှင် သားငါးဈေး ကျလာမှာဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်းပြည်တွင်းဖူလုံမှသာ ပြည်ပသို့တင်ပို့သင့် ကြောင်း၊ ၀န်ကြီးဌာနပေါင်းစုံနှင့်သက်ဆိုင်နေပါကြောင်း၊ ဆက်စပ်လုပ်ငန်းများဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်သွားလျှင် အောင်မြင်မည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါသည်။

- မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ထုတ်လုပ်ရောင်းဝယ်သူများအသင်း၊ အတွင်းရေးမှူး ဦးထွန်းစိန်က ငါးပိ၊ ငါးခြောက်ကို ပြည်ပတင်ပို့မှုမရှိပါကြောင်း၊ ပြည်တွင်းမှာ ပြည်သူများဈေးနှုန်းသက်သာပြီး စားသုံးနိုင်ရန် အဓိကရည်ရွယ်ပါကြောင်း၊ ယခုအချိန် တွင် ငါးပိမထွက်တော့ပါကြောင်း၊ ငါးခြောက်မှာလည်း အနည်းငယ်သာထွက်ရှိသော်လည်း နွေရာသီတွင် ပြုလုပ်ထားသော ငါး ခြောက်သိုလှောင်ရုံတွင် ထားရှိပြီး ရောင်းချနေသောကြောင့် ဈေးမတက်ပါကြောင်း၊ ငါးတန်ခြောက်ထွက်ပါကြောင်း၊ ဆားဈေး အနည်းငယ်တက်ကြောင်း၊ နောက်မီးငါးပိကိစ္စဒီနေရာတွင် ရှင်းခဲ့ပါကြောင်း၊ ဆိုးဆေးလုံးဝမသုံးဟုလည်း မပြောနိုင်ကြောင်း၊ FDA ကသိလျှင်မည်သူက မည်သည့်နေရာတွင် ထုတ်လုပ်သည်ကို အကြောင်းကြားစေလိုကြောင်း တင်ပြခဲ့ကြောင်း ဆွေးနွေး တင်ပြပါသည်။

- ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ အားရှသားကုမ္ပဏီမှ ဦးထွန်းမြင့်ဦး က ပန်းတနော်တွင် ဧက(၇၀၀)လောက် မွေးမြူနေကြောင်း၊ ငါးတန်ဈေးကျပြီး အစာဈေးမှာလည်း အဆမတန်တက်နေသောကြောင့် အရှုံးပေါ်နေကြောင်း ဆွေးနွေးတင်ပြ ပါသည်။

- မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ အလုပ်အမှုဆောင် ဦးဝင်းအောင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် ဆက်စပ် လျက်ရှိပါကြောင်း၊ ငါးမွေးမြူရေးသမားဖြစ်ခြင်းကြောင့် မွေးမြူရေးအခြေခံအခြေအနေကို သိပါကြောင်း၊ မွေးမြူရေးအစာနှင့် စိုက်ပျိုးရေးဆက်စပ်မှုကိုလည်း သိပါကြောင်း၊ တောင်သူများမှာ စိုက်ပျိုးရေးအတွက် မျိုးစေ့လိုအပ်ပြီး အစိုးရအပြင် ကုမ္ပဏီများ ကလည်း မျိုးစေ့ကို မပေးနိုင်ပါကြောင်း၊ မျိုးမကောင်းသဖြင့် တစ်ဧက အထွက်နှုန်းကျဆင်းပြီး ဆန်ကြမ်းမှာလည်း ဈေးကနေပါ ကြောင်း၊ မြေယာပြုပြင်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးဝါးများ စရိတ်မြင့်မားနေကြောင်း၊ အင်းအိုင်များတွင် ငါးပြုန်း တီးမှုများရှိပြီး ငါးအမျိုးအမယ်များ ကျဆင်းနေကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေချိုငါးလုပ်ငန်းဥပဒေသည် ပြည့်စုံမှုမရှိပါ ကြောင်း၊ ထွန်ယက်ကိရိယာဈေးမှာလည်း တက်နေပါကြောင်း၊ ကုန်ကျစရိတ်များသောကြောင့် အစာဈေးမှာလည်း တက်နေရ ကြောင်း၊ မွေးမြူရေးအပိုင်းတွင်လည်း လုံခြုံရေးကိစ္စများကို ဆောင်ရွက်သွားရန်လိုကြောင်း ဆွေးနွေးတင်ပြပါသည်။

- ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ယုဇနကုမ္ပဏီမှ ဒေါ်ဇာခြည်ဌေးကလည်း လမ်းပမ်းဆက်သွယ်ရေးတင်ပြရလျှင် ပန်းတနော်မြို့နယ်၊ ၀ါးခယ်မလမ်းဆုံလမ်းတွင် ကုန်ချိန်(၈)တန်အထိသာ တင်ခွင့်ရှိကြောင်း၊ မိုးတွင်းတွင် လမ်းပိတ်ထားမှုများရှိ သောကြောင့် မိမိတို့မှာ အခက်အခဲများစွာရှိပါကြောင်း ဆွေးနွေးတင်ပြပါသည်။

- မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ နာယက၊ သဘာပတိ ဦးစိုးဝင်းက ဆွေးနွေးမှုများစုံစုံလင်လင်ရှိပါကြောင်း၊ ပြောင်းလဲလာသော အုပ်ချုပ်ရေးစနစ်တွင် ပြည်ထောင်စုမှ လုပ်ဆောင်မည့် အပိုင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များက လုပ်ဆောင်မည့်အပိုင်းဟူ၍ (၂)ပိုင်းရှိပါကြောင်း၊ အစိုးရအသစ်အနေဖြင့်လည်း အသားမကျသေးဘဲ အခြေအနေအမျိုးမျိုးကို ရင်ဆိုင်နေရကြောင်း၊ တရားဥပဒေစိုးမိုးရေးမှာလည်း အားလျော့နေကြောင်း၊ မြို့ပေါ်မှာပင်အားနည်းနေကြောင်း၊ မြို့နယ်များရှိ မွေးမြူရေးလုပ်ငန်းများ တွင် ပိုမိုဆိုးကြောင်း၊ ရက် ၁၀၀ ဆောင်ရွက်မှုအတွင်း တိုးတက်ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း၊ အထူးသဖြင့် ရေချိုငါး ဖမ်းလုပ်ငန်းကိုတိုင်းဒေသကြီး၊ ပြည်နယ်များက လုပ်ဆောင်နေတာဖြစ်ကြောင်း၊ ငါးလုပ်ငန်းတွင်ဥပဒေနှင့်နည်းဥပဒေများပြင်ဆင် ရန် စဉ်းစားနေသည်ဟုသိရကြောင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်သည် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်နှင့်မြို့နယ်ငါးလုပ်ငန်း အဖွဲ့ချုပ်များနှင့်ဆက်စပ်မှု၊ ပေါင်းစည်းမှုရှိရန်လိုကြောင်း၊ ဆက်စပ်မှုမရှိလျင်အောင်မြင်နိုင်စရာအကြောင်းမရှိပါကြောင်း၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့်လည်း ထိတွေ့ရန်လိုအပ်ပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနနှင့်လည်း ဆွေးနွေးအသိ ပေးစေလိုကြောင်း၊ အောက်အဖွဲ့အစည်းကလည်း လိုအပ်သည့်ကိစ္စရပ်များကို အဖွဲ့ချုပ်သို့တင်ပြပြီး အဖွဲ့ချုပ်ကလည်း ပြည်ထောင်စုအစိုးရကို ဆက်လက်တင်ပြသွားရမှာဖြစ်ကြောင်း၊ သို့မှသာငါးလုပ်ငန်းကဏ္ဍပိုမို တိုးတက်မှာဖြစ်ကြောင်း၊ ၀န်ကြီးဌာန(၃)ခုပေါင်းထားခြင်းဖြင့် တခြားဆက်စပ်လုပ်ငန်းများအရင်ကထက် အဆင်ပြေမှာဖြစ်ကြောင်း၊ ကုန်သွယ်ရေးအပါ အ၀င် အခြားဝန်ကြီးဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်ကြောင်း၊ ကြို့ကုန်းတွင် တည်ဆောက်နေသည့် ဘိလပ်မြေစက်ရုံကိုလည်း အချိန်မီရန်ကုန်တိုင်းဒေသကြီးအစိုးရကို သတင်းပေးစေလိုကြောင်း၊ ငါးပိ၊ ငါးခြောက်နှင့် ဆိုးဆေးသတင်းများကိုလည်း တိကျသည့် သတင်းရမှသာ သတင်းရေးရန်လိုကြောင်း၊ တချို့ကိစ္စများမှာ သတင်းမှားများရှိသည့် အတွက် အရေးကြီးကြောင်း၊ ယခုတင်ပြထားသောကဏ္ဍများမှ အရေးကြီးသောအပိုင်းကိုသာ ဆက်လက်တင်ပြစေလိုကြောင်း နိဂုံးချုပ်ပြောကြားပါသည်။

 

သတင်း - မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်

 

 

Local News


Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

International News


Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Seminar


Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Meeting


Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107