Burmese (Myanmar)  English (United Kingdom)  
MFF Logo


About MFF

MFF was founded in 1989 as one of the highest national level for business organization with a view to enourage and promote the fishery industries of Myanmar. More


Warning: Parameter 1 to modMainMenuHelper::buildXML() expected to be a reference, value given in /home/cp773556/public_html/www.fishfedmyanmar.com/libraries/joomla/cache/handler/callback.php on line 100
၉/၂၀၁၆ ကြိမ်မြောက် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ

ရန်ကုန်၊ မေ(၂၄)ရက်


- မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ အမှုဆောင်အရာရှိချုပ် ဦးဟန်ထွန်းက ရေလုပ်ငန်းကဏ္ဍမှ ပို့ကုန်လုပ်ငန်းနှင့်ပတ်သက်၍ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ပို့ကုန်ဒေါ်လာ ၄၈၂ သန်းကျော်တင်ပို့နိုင်ခဲ့ပြီး ၂၀၁၅-၂၀၁၆ တွင် ဒေါ်လာ ၅၀၂.၆၃ သန်း တင်ပို့နိုင်သဖြင့် မှန်း ထားသည်ထက် ပိုမိုတင်ပို့နိုင်ခဲ့ပါကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှရရှိသောသတင်းအချက်အလက်အရဆိုပါက ဒေါ်လာ ၅၀၂သန်း ကျော်လို့သိရှိရပါကြောင်း၊ လက်ရှိအစိုးရက ၅ နှစ်အတွင်း ပို့ကုန် ၃ ဆတိုးမြှင့်ရန်အတွက် ရည်းမှန်းထားပြီးဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ယခု Data ကိုအခြေခံပြီးကြိုးစားရန်လိုကြောင်း၊  ပင်လယ်ပြင်ငါးဖမ်းဆီးမှု လိုသလောက်မရရှိတဲ့အတွက် ကုန်ကြမ်း ရရှိရန် မွေးမြူရေးကိုအဓိကထား မအားကိုးရမှာဖြစ်ကြောင်း၊ ပုစွန်မွေးမြူရေးကဏ္ဍကိုလည်း အဓိကထား ဆောင်ရွက်သင့် ကြောင်း၊ ရခိုင်ပြည်နယ်တွင် သဘာဝဖမ်းသည့် သားပေါက်ကလိုသလောက်မရရှိသည့်အတွက် ပုစွန်မွေးမြူရေးသမားများနှင့် ညှိ နှိုင်းပြီး ပြည်ပမှသားပေါက်များတင်သွင်း မွေးမြူမှသာ ပုစွန်မွေးမြူရေးအောင်မြင်လာမှာဖြစ်ကြောင်း၊ ထိုနည်းတူ ဧရာဝတီတိုင်း ဒေသကြီးမှာလည်း သိပ္ပံနည်းကျမွေးမြူနိုင်မည့် ငါး၊ ပုစွန်ကန်တွေများစွာရှိပါကြောင်း၊ ပုစွန်သားပေါက်များရရှိလျှင် မွေးမြူရေးကို တိုးချဲ့နိုင်သဖြင့် ရေထွက်ပစ္စည်းပို့ကုန်မှာ (၅)နှစ်အတွင်း (၃)ဆတိုးတက်လာနိုင်မှာဖြစ်ကြောင်း၊ ဤအခက်အခဲများကို အစိုးရနှင့် တွေ့သည့်အခါ တင်ပြဆွေးနွေးရန်လိုကြောင်း ပြောကြားပါသည်။

- မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က အာဆီယံ(၁၀)နိုင်ငံထဲတွင် အိမ်နီးချင်းဖြစ်သော ထိုင်း နှင့်ဗီယက်နမ်နိုင်ငံသည် ရေ၊ မြေ၊ ရာသီဥတု အကုန်တူပြီး ရေလုပ်ငန်းမှာအောင်မြင်နေသည့်အတွက် အတုယူရမှာဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် မြန်မာထက်နောက်ကျတဲ့အဆင့်မှ ယခုများစွာတိုးတက်သွားပါကြောင်း၊ သယံဇာတပိုင်ဆိုင်မှုတွင် မြန်မာက သာကြောင်း၊ ပင်လယ်ပြင်သယံဇာတပိုင်ဆိုင်မှု၊ ကမ်းရိုးတန်းအရှည်နှင့်ရေချို၊ မြစ်ချောင်း၊ အင်းအိုင်များစွာရှိပါကြောင်း၊  ဗီယက်နမ်နှင့် ထိုင်းမှာ မိမိနိုင်ငံလောက် ရေသယံဇာတမရှိသော်လည်း ရေလုပ်ငန်းအောင်မြင်ပြီး မိမိတို့နိုင်ငံမှာ သယံဇာတရှိ သော်လည်း ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးမချနိုင်ပါကြောင်း၊ ယခုအစိုးရသစ်လက်ထက် ``ပြောင်းလဲချိန်တန်ပြီ´´ ဆောင်ပုဒ်နှင့်အညီ မြန်မာ့ငါးလုပ်ငန်းပြောင်းလဲချိန်တန်ပြီဟု ယူဆပါကြောင်း၊ မြန်မာ့ငါးလုပ်ငန်းတိုးတက်စေရန် နည်းပညာပိုင်း တွင် သိပ်မလိုဘဲ မိမိတို့နှင့်တူသော ထိုင်း၊ ဗီယက်နမ် နှစ်နိုင်ငံက တာဝန်ရှိအစိုးရတို့၏ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍများ ကို မည်သို့တိုးတက်အောင် ဆောင်ရွက်သည်ဆိုတာကို အောက်ခြေကစပြီး သေသေချာချာ လေ့လာဖို့လိုပါကြောင်း၊ သို့မှသာ မိမိတို့ငါးလုပ်ငန်းမှာ နည်းလမ်းတွေရပြီးမည်သို့လုပ်မလဲဆိုသည်ကို စဉ်းစားပြီးလုပ်မှသာ ငါးလုပ်ငန်းအောင်မြင်မည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံမှာ အချိန်တိုအတွင်း ရေလုပ်ငန်းတိုးတက်ပြီး ၀င်ငွေများစွာရရှိကြောင်း၊ ယင်းနိုင်ငံ၏စီမံကိန်းများကို မည်သို့ အကောင်အထည်ဖော်ဆောင်ရွက်သလဲဆိုတာလေ့လာပြီး Copy ကူးလုပ်ရုံနှင့် အချိန်တိုအတွင်းမှာအောင်မြင်နိုင်မည့်သဘောရှိ ပါကြောင်း၊ သို့သော်လည်း အစိုးရဘက်မှ စနစ်တကျလေ့လာမှုအားနည်းကြောင်း၊ ယခုလက်ရှိအစိုးရအနေနဲ့ ဒီနှစ်နိုင်ငံကို Model အဖြစ်သတ်မှတ်ပြီးလေ့လာဖို့ လိုမည်ဖြစ်ကြောင်း၊ ၀န်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန၊ ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းများပူးပေါင်း၍ စနစ်တကျသွားလေ့လာရန် လိုကြောင်း၊ မြန်မာပြည်နှင့်သင့်လျော်မည့် ငါးလုပ်ငန်းဆိုင်ရာ Master Plan ဆွဲပြီးမည်သို့ တိုးတက်အောင်ဆောင်ရွက်မည်၊ မည်သည့်ကာလနှင့် တိုးတက်အောင်ဆောင်ရွက်မည်၊ မည်သည့်အပိုင်းကို တိုးမြှင့်မည်၊ ပံ့ပိုးမည်၊ တည်ဆောက်မည်ပေးမည်ဆိုသည်ကို အစိုးရအနေဖြင့် မဖြစ်မနေလုပ်သင့်သည်ဟုထင်ပါကြောင်း၊  သို့မှသာ ငါးလုပ်ငန်းကဏ္ဍတကယ်ပြောင်းလဲမည်ဖြစ်ပြီး တိုင်းပြည်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အရေးပါသောလုပ်ငန်း တစ်ခုဟု အစိုးရက မယုံကြည်၊ မသတ်မှတ်လျှင် ရေလုပ်ငန်းသည်နှေးကွေးစွာ သွားမည့်သဘောရှိကြောင်း၊ အရာရာကိုအစိုးရမှ ဦးဆောင်ပြီး လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျှင်(၅)နှစ်အတွင်း သိသာထင်ရှားသည့် အောင်မြင်မှုကိုရရှိ မည့်အခြေအနေဟု Media များရှေ့မှာတင်ပြလိုကြောင်း ဆွေးနွေးတင်ပြပါသည်။

- မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ဒု-ဥက္ကဋ္ဌ ဒေါက်တာဒေါ်တိုးနန္ဒာတင်က Export အပိုင်းကလုပ်လို့ရပါကြောင်း၊ သို့သော်လည်း ကုန်ကြမ်းပစ္စည်းမရှိသည့်အတွက် အခက်အခဲဖြစ်နေပါကြောင်း၊ ပုစွန်ထုတ်လုပ်မှု လျော့နည်းသွားပြီး၊ ပုစွန်မွေးမြူရာတွင်လည်း သားပေါက်မရှိပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများမှ ရေချိုပုစွန်သားပေါက်သွင်းသော် လည်း မွေးရမည့်အမျိုးအစားဟုတ်၊ မဟုတ်ဆိုသည်ကို မစစ်နိုင်သောကြောင့် မွေးမြူရာတွင် မအောင်မြင်ပါကြောင်း၊ ထို့ကြောင့် ပုစွန်ရှားလာပြီး Export ပို့ရန်ခဲယဉ်းပါကြောင်း၊ များများထုတ်လုပ်နိုင်ရန်အတွက် သားပေါက်စခန်းများထူထောင်ရန်လိုအပ်ပါ ကြောင်း၊ အစိုးရနှင့် MPEA တို့ပူးပေါင်းပြီး အကောင်အထည်ဖော်နိုင်ရန်လိုကြောင်း၊ မြန်မြန်လုပ်လျင် မြန်မြန်ဖြစ်မည်ကို နိုင်ငံတော်ပိုင်းက မဆောင်ရွက်နိုင်သေးပါကြောင်း၊ တီလားပီးယားဆိုလျှင်လည်း သားဖေါက်စခန်းများလုပ်ရမည်ဖြစ်ကြောင်း၊ မိမိ အနေဖြင့် တီလားပီးယားနှင့် ငါးရံ့တွဲမွေးစေလိုကြောင်း၊ Organic Farm လည်းဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့ကြိုးစားရမှာဖြစ် ကြောင်း၊ Market ရှိလျှင် ယင်းတို့လိုချင်သော Product ကို ထုတ်မှာဖြစ်ကြောင်း၊ Market ရှိပြီးကုန်ကြမ်းမရှိ၍ Export မပို့နိုင်ပါ ကြောင်း၊ သယံဇာတနှင့် သဘာဝမှာနည်းသွားပြီဖြစ်သည့်အတွက် မွေးမြူရေးကိုသာအဓိကထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အစိုးရနှင့်ပြည်တွင်းပုဂ္ဂလိက တို့ချိတ်ဆက်ပြီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေးသမားများ အမြတ်ရမည်ဆိုရင် မွေးကြမည်ဖြစ်ကြောင်း၊ Export တက်နိုင်ဖို့ဆိုရင် အစိုးရကနည်းလမ်းပြ၍ မည်သည့်ငါးကိုမွေးရမည်၊ မည်သည့်တိုင်းပြည်ကိုတင် ပို့သင့်သည်၊ ဒေသဖူလုံအောင်မည်သို့လုပ်မည်ဆိုသည်ကိုအချိတ်အဆက်မိမိဆောင်ရွက်နိုင်လျှင် ပို့ကုန်(၃)ဆဆိုသည်မှာ လွယ် လွယ်လေးဖြစ်ကြောင်း၊ တိုင်းပြည်မှာ သဘာဝသယံဇာတအများရှိပြီး တက်ညီလက်ညီနှင့်ချိတ်ဆက်မိမိ ဆောင်ရွက်သွားလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါသည်။

- မြန်မာနိုင်ငံငါးပိ၊ ငါးခြောက်၊ ငံပြာရည်ထုတ်လုပ်ရောင်းဝယ်သူများအသင်း၊ အတွင်းရေးမှူး ဦးထွန်းစိန်က ငါးပိရာသီချိန်ကုန်ဆုံး သွားပြီး၊ ငါးခြောက်မှာလည်း အနည်းငယ်သာထွက်ရှိပါကြောင်း၊ ပင်လယ်ပြင်မှာလည်း ငါးဖမ်းမရတော့သဖြင့် ငါးခြောက် ကုန်ကြမ်းလုံလောက်မှုမရှိတော့ဘဲ ရေချိုငါးတန်ကို ကြပ်တိုက်ပြီး ငါးခြောက်လုပ်နေရတာဖြစ်ကြောင်း၊ မွေးမြူရေးငါးဖြစ်သော ကြောင့် လိုသလောက်ရရှိပါကြောင်း၊ ပင်လယ်ပြင်မှထွက်ရှိသောငါး၊ ငါးပိများဓါတုဆေးဝါးမပါကြောင်းကိုလည်း ရှင်းလင်းပြီးဖြစ်ပါ ကြောင်း၊ ဖျာပုံခရိုင်နောက်မီးကျေးရွာငါးပိထုတ်လုပ်သူ(၁၂)ဦးကလည်း မီဒီယာများရှေ့တွင် ရှင်းပြသွားပါကြောင်း ဆွေးနွေးတင်ပြ ပါသည်။

- ငါးကြိတ်သားပြည်ပပို့လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်လွင်က ကုန်ကြမ်းများယခုအချိန်တွင်များစွာရှားသွားပါကြောင်း၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်(၃)လပိတ်ထားလျှင် ငါးကုန်ကြမ်းမရရှိနိုင်တော့ကြောင်း၊ မိမိစက်ရုံမှာတနေ့ ကုန်ချိန်(၁)သောင်း၊ (၂)သောင်းခန့် ကြိတ်ရမှသာ အဆင်ပြေကြောင်း၊ ယခုတနေ့လျှင် ကုန်ချိန်(၃၀၀၀၊ ၄၀၀၀) လောက်သာကြိတ်ရတာဖြစ်ကြောင်း၊ ဂျပန်နှင့် ကိုရီးယားကို ငါးကြိတ်သားအဓိကပို့ပါကြောင်း၊ အဓိကကတော့ ကုန်ကြမ်းတွေရှားပါးသွားပါကြောင်း ဆွေးနွေးတင်ပြပါသည်။

- အာရှသားကုမ္ပဏီမှ လုပ်ငန်းရှင် ဦးကျော်မင်းဦးက  မိမိတို့အာရှသားကုမ္ပဏီမှရေချို ငါးမျိုးစုံ(၁)နှစ်လျှင် ကုန်ချိန်(၈)သိန်းမှ (၁၀)သိန်းကြားထုတ်လုပ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်က အစာဈေးတက်၍ အမြတ်နည်းခဲ့ပါကြောင်း၊ ငါးသားပေါက်ကို မြိတ်မှ ရန်ကုန်သယ်ယူရာတွင် အခက်အခဲများစွာရှိပါကြောင်း၊ ကကတစ်မွေးမြူရေးအောင်မြင်သော်လည်း ငါးသားပေါက်မရှိသည့် အတွက် မမွေးနိုင်ဖြစ်နေပါကြောင်း၊ ငါးမြစ်ချင်းမှာလည်း အစာဈေးတက်နေသည့်အတွက် မမွေးနိုင်ပါကြောင်း၊ ပုစွန်မွေးမြူရေး တိုးတက်ရန်အတွက် မိမိတို့က Trap and Hold တွေကို သေသေချာချာလုပ်မည်ဆိုပါက အောင်မြင်နိုင်ပါကြောင်း ဆွေးနွေးတင် ပြပါသည်။

- မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ၂၀၁၅ခုနှစ် မိုးရာသီရေကြီးမှုနှင့်ပတ်သက်၍ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ ငါးကန်ပေါင်း(၃၅၀၀၀)နှင့် ရခိုင်ပြည်နယ် စစ်တွေအထက်ဘူးသီးတောင်၊ မောင်းတောတို့တွင် ကန်များ ပျက်စီး ခဲ့သဖြင့် နိုင်ငံတော်သဘာဝဘေးအန္တရာယ်ကာကွယ်ရေးတွင် တင်ပြခဲ့ပါကြောင်း၊ ရခိုင်သူ၊ ရခိုင်သားများ၏အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသာဖြစ်ကြောင်း၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းကို ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲ၍ ကမ်းနီးကို ရခိုင်ဒေသ အာဏာပိုင်များမှ စီမံခန့်ခွဲတာဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ရခိုင်ဒေသတိုးတက်စေလိုလျှင်(၁)ပျက်စီးနေသောကန်ဘောင်များ ကိုခေတ်မီစက်ကိရိယာများဖြင့် ပြုပြင်ရန်လိုအပ်ကြောင်း၊ (၂)သားပေါက်စခန်းများကို သဘာဝနည်းနှင့်မဟုတ်ဘဲ သိပ္ပံနည်းကို သုံးသင့်ကြောင်း၊ ထိုကဲ့သို့ပြုပြင်ပေးလျင်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများအဆင်ပြေသွားပြီး အစိုးရကို ကျေးဇူးတင်မည်ဖြစ် ကြောင်း၊ အစာဈေးနှုန်းပြောရလျှင် အဖြေက စိုက်ပျိုးရေးနှင့် ပတ်သက်မှုတိုက်ရိုက်ဖြစ်နေပါကြောင်း၊ ငါးမွေးမြူသူများအစာတွင် မှီခိုရသောကြောင့် အစာဈေးကြီးပြီး ငါးဈေးမတက်လျှင်ထုတ်လုပ်မှုကျဆင်းမှာဖြစ်ပါကြောင်း၊  ဖွဲ့နုဈေးတက်၍ ဆီထွက်သီးနှံများ ဖြစ်သော ပဲဖတ်၊ နှမ်းဖတ်ကို အစားထိုးနေရကြောင်း၊ ဖွဲနုကို ပြည်ပမှတင်သွင်းပြီး အစာဈေးတည်ငြိမ်အောင် ပြုလုပ်သွားမည်ဖြစ် ကြောင်း တင်ပြဆွေးနွေးပါသည်။

- မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ ဦးထွန်းအေးက အစာကိစ္စမှာ စိုက်ပျိုးရေး ကိုအားကိုးမရတဲ့အတွက် အဆင်မပြေဖြစ်နေပါကြောင်း၊ အစာကုန်ကြမ်းတင်သွင်းသည့်အခါ Tax အခွန်မကောက်ဖို့လိုကြောင်း၊ အစိုးရနှင့် လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များ ဆွေးနွေးပွဲလုပ်သင့်ပြီဖြစ်ကြောင်း၊ ငါးလုပ်ငန်းအောင်မြင်စေရန် ငါးလုပ်ငန်းဦးစီးဌာနမှ ဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ဆောင်ရမှာဖြစ်ကြောင်း၊ လက်ရှိအစိုးရတက်လာတာ(၂)လရှိပြီး လာရောင်းခြင်းမရှိသည့်အတွက် အင်မတန်အားနည်းနေပါကြောင်း၊ နိုင်ငံတော်မှသားပေါက်စခန်းလုပ်ရန်ကောင်းကြောင်းနှင့် ယခင်အစိုးရက လုပ်ငန်းရှင်မပါ၍ အမှားများလည်းရှိခဲ့ဘူးကြောင်း၊ နိုင်ငံရေးကောင်းသော်လည်း စီးပွားရေးမအောင်မြင်လျှင် နိုင်ငံမတိုးတက်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် လုပ်ငန်းရှင်များပူးပေါင်းလုပ်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြပါသည်။

- မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ အမှုဆောင်အရာရှိချုပ်၊ သဘာပတိ ဦးဟန်ထွန်းက မြန်မာနိုင်ငံသည် ကမ္ဘာနှင့်ယှဉ်ပြီး ဆွေးနွေး တင်ပြရမည်ဆိုလျှင် ဗီယက်နမ်နိုင်ငံမှာ(၁၉၈၄)ခုနှစ်က သားပေါက်စခန်း(၄)ခုသာရှိပြီး မြန်မာနိုင်ငံတွင် ကော့သောင်း၊ ရန်ကုန်၊ ကျောက်ဖြူ၊ စစ်တွေနှင့် သံတွဲ စသည့်နေရာများတွင်(၁၂)ခုရှိပါကြောင်း၊ ဗီယက်နမ်နိုင်ငံမှာ (၁)အစိုးရက အားပေးမှု (၂)လုပ်ငန်း ရှင်များတက်ကြွမှုကြောင့် တိုးတက်လာခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အစိုးရထောက်ပံ့မှုအားနည်းပြီး ရေလုပ်ငန်းကိုလည်း ယုံကြည်မှုအားနည်းနေကြောင်း၊  အစာနှင့်ပတ်သက်လာလျှင်လည်း စိုက်ပျိုးရေးဌာနထုတ်စာရင်းများ မှန်ကန်မှုမရှိကြောင်း၊ ထို့ ကြောင့် နိုင်ငံတော်အစိုးရ ဦးဆောင်ဦးရွက်လုပ်မှသာလျှင် စိုက်ပျိုးရေးနှင့် မွေးမြူရေးအပါအ၀င် မျှော်မှန်းထားသည့်ရက်ပေါင်း (၁၀၀)စီမံကိန်းအောင်မြင်မှာဖြစ်ပါကြောင်း၊ လက်ရှိအစိုးရနှင့်တွေ့သောအခါ ဒီဘက်ကလည်းတင်ပြစရာများကို အစစအရာရာ ပြင်ဆင်ထားမည်၊ အစိုးရကလည်း လက်ရှိအခြေအနေများနှင့် အခက်အခဲမျာကို ပြုပြင်ပေးမည်ဆိုလျှင် မွေးမြူရေးကဏ္ဍ တိုးတက် ပြောင်းလဲမည်ဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားပါသည်။

သတင်း -  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်

 

 

Local News


Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

International News


Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Seminar


Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Meeting


Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107