Burmese (Myanmar)  English (United Kingdom)  
MFF Logo


About MFF

MFF was founded in 1989 as one of the highest national level for business organization with a view to enourage and promote the fishery industries of Myanmar. More


Warning: Parameter 1 to modMainMenuHelper::buildXML() expected to be a reference, value given in /home/cp773556/public_html/www.fishfedmyanmar.com/libraries/joomla/cache/handler/callback.php on line 100
၈/၂၀၁၆ ကြိမ်မြောက် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ

ရန်ကုန်၊ မေ ၁၀ ရက်

 

- ဦးစိုးဝင်း နာယက၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က အင်္ဂါသားငါးကဏ္ဍအစည်းအဝေးများတွင် ၀ိုင်းဝန်းဆွေးနွေးကြသည့်အတွက် အကျိုးများစွာရှိပါကြောင်း၊ လုပ်ငန်းဆိုင်ရာသတင်းများ ဆွေးနွေးခြင်း ပညာရပ်ဗဟုသုတများ ဆွေးနွေးခြင်း၊ ဒေသ သတင်းများဆွေးနွေးခြင်းများ ပြုလုပ် ကြကြောင်း၊ သို့သော် ဆွေးနွေးချက်တစ်ခုတည်း အချိန်ကြာမြင့်နေပါက လိုရင်းမရောက်ဘဲ အချိန်ကြာမြင့်နေတတ် သဖြင့် ဆွေးနွေးချိန်ကို(၁၀)မိနစ်ကန့်သတ်ပါကြောင်း၊ ပြန်လည် ဆွေးနွေးစရာရှိလျင် အားလုံးပြီးမှ ပြန်လည် ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ထူးခြားတင်ပြစရာများ ရှိပါက Report လုပ်နိုင်ပါကြောင်း ပြောကြားပါသည်။

 

- ဦးဟန်ထွန်း အမှုဆောင်အရာရှိချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ဂျပန်နိုင်ငံမှ Matsuno Utsunomiya ကုမ္ပဏီက မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ငါးဖမ်းသင်္ဘောသား သင်တန်း ကိစ္စ ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါကုမ္ပဏီက အရှေ့တောင်အာရှနိုင်ငံများမှ သင်တန်း သားများကို ခေါ်ယူသင်တန်းပေးလျက်ရှိပါကြောင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများမှ သင်တန်း သားများကို ခေါ်ယူသင်တန်းပေးလျက်ရှိရာ အင်ဒိုနီးရှားမှ(၄၇၀၀)ကျော်၊ ဖိလစ်ပိုင် နိုင်ငံမှ(၁၈၀)ကျော်၊ ဗီယက်နမ်နိုင်ငံမှ(၆၉)ဦး၊ သင်တန်းပို့ချပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှ သင်္ဘောသားများကို လက်ခံသင်ကြားပေးရန် ဂျပန်နိုင်ငံအစိုးရက သဘောတူညီပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ငါးဖမ်းသင်္ဘောသား (၁)နှစ်လျင် (၂၀)ဦးစီ လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း၊ ဂျပန်ပြည် မသွားမီ ဂျပန်စကားနှင့် ငါးဖမ်းနည်းပညာကို(၂)လ သင်ပေးပြီး ဂျပန်နိုင်ငံ ရောက်လျင်လည်း သင်္ဘောမတက်မီ စာတွေ့(၂)လ သင်ကြားပေးဦးမည်ဖြစ်ကြောင်း၊ ပြီးလျင် သင်္ဘောတစ်စီးလျင်(၂)ဦးစီ လိုက်ပါစေလျက် လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း၊ ယနေ့ ငါးလုပ်ငန်းဦးစီးဌာနနှင့် သွားရောက် တွေ့ဆုံနေပြီး နောက်ပိုင်းတွင် ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် MOU ရေးထိုးရန်ရှိပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၏ ပို့ကုန် တန်ဖိုးကနည်းပြီး သွင်းကုန် တန်ဘိုးကများနေပါကြောင်း၊ ပို့ကုန်ပစ္စည်းများတွင် လယ်ယာထွက်ကုန်၊ အခြားထွက်ကုန်များနှင့် ရေထွက်ပစ္စည်းများလည်း ပါဝင်ပါကြောင်း၊ သို့သော် ရေထွက်ပစ္စည်း ပြည်ပပို့ကုန်နှင့် ပတ်သက်၍ ရည်မှန်းချက်ဖော်ပြထားခြင်းမရှိကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ရေထွက်ပစ္စည်းပို့ကုန်တန်ဘိုး ဒေါ်လာသန်း(၄၆၀)သာရှိကြောင်း၊ သတ်မှတ်ချက်ရှိလျင် ပူးပေါင်း၍ Master Plan ဆွဲပြီး ၀ိုင်းဝန်းလုပ်ကြရန်ရှိကြောင်း၊ ပို့ကုန်တန်ဘိုးမှာ နှစ်စဉ်ကျဆင်းနေပြီး ငါးလုပ်ငန်း ဦးစီးဌာနမှ ပို့ကုန်ဆိုင်ရာ စာရင်း၊ ဇယားများလည်း မရရှိပါကြောင်း၊ စီးပွား/ကူးသန်းဝန်ကြီး ဌာနမှ ယူနေရပါကြောင်း၊ ကိုယ့်ရည်မှန်းချက်ဖြင့် ကိုယ်လုပ်သင့်ပါကြောင်း ပြောကြားပါသည်။

- ဦးဝင်းစိန် ဒု-ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ကြက်ဈေးကွက်တွင် အသားတိုးကြက် (၁)ပိဿာ(၃၁၅၀)ကျပ် ဈေးဖြစ်သောကြောင့် စီးပွားရေးအရ တွက်ချေမကိုက်ပါ ကြောင်း၊ ပူသောရာသီဖြစ်သဖြင့် အသေအပျောက်များကြောင်း၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကြက်အရှင်များ ၀င်လာနေကြောင်း၊ ရှေ့တွင်မည်သို့လုပ်ကိုင်ကြမည်ကို ပြန်လည်သုံးသပ်ရန် လိုကြောင်း၊ အစိုးရက Guide Line ပေးထားခြင်းမရှိပါကြောင်း၊ မွေးမြူရေးသမားများ၊ စားသုံးသူများအကျိုးအတွက် ဆွေးနွေးရန်လိုအပ်ကြောင်း၊ ကြက်ဥပေါက်ဈေးမှာလည်း (၁၁၅) ကျပ်သာရှိသဖြင့် အမြတ်အစွန်းနည်းပြီး ဈေးကွက် မပျောက်စေရန် ထိန်းနေရပါကြောင်း၊ ဘဲဥလည်း အခြေအနေဆိုးဝါးကြောင်း၊ ဘဲဥဈေး(၁၃၀)ကျပ်ခန့်ရှိ၍ မထုတ်လုပ်နိုင်တော့ကြောင်း၊ သမရိုးကျမွေးမြူနေသောစနစ်မျိုးမှ Thai ကဲ့ သို့မျိုး ပြောင်းပြီးမွေးမြူရမည် ဖြစ်ကြောင်း၊ အဖွဲ့ချုပ်ကလျစ်လျူရှုနေပါကြောင်း၊ Thai နိုင်ငံတွင် သမရိုးကျ မဟုတ်ဘဲ လှောင်အိမ်ဖြင့် မွေးမြူသောစနစ်ကျင့်သုံးနေပါကြောင်း၊ မည်သည့်ကဏ္ဍတွင် ငွေကြေး၊ နည်းပညာများ လိုအပ် နေသည်ကို အဖြေရှာရန်လိုပါကြောင်း ပြောကြားပါသည်။

- ဒေါက်တာမြင့်စိန် အလုပ်အမှုဆောင်၊ မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းက အယ်နီညို ရာသီဥတုကြောင့် ငါးကန်များအပေါ်မည်သို့ ထိခိုက်မှုရှိသည်ကို တင်ပြလိုပါကြောင်း၊ အယ်နီ ညိုရာသီဥတုပူပြင်းသော ဒဏ်ကြောင့် ရေရှားသဖြင့် ငါးကန်များကို ရေဖြည့်ထားရကြောင်း၊ ကန်ဘောင်မြှင့်၍ ရေဖြည့်ထားရကြောင်း၊ ကန်ဘောင်ပေါ်တွင် ၀ါးပင်များစိုက်ထားသဖြင့် အမြစ်များက မြေကို စုစည်းထားသကဲ့သို့ ဖြစ်နေကြောင်း၊ ကန်ရေအပြင်သို့မထွက်ပါကြောင်း၊ ထို့ကြောင့် ကန်ဘောင် တွင်အပင်များ စိုက်သင့်ပါကြောင်း၊ ငါးကန်အတွက် အစာရရှိစေရန် စပါးနှင့်ငါးတွဲဖက် မွေးမြူသင့်ကြောင်း၊ စပါးရိတ်သိမ်းပြီးချိန်တွင် ရေပြန်ဖြည့်၍ ငါးမွေးနိုင်ကြောင်း၊ ဆန်ဘေးထွက်ပစ္စည်း က ငါးအစာကိုအထောက်အကူပြုကြောင်း၊ ငါးကန်ဘောင်တွင် Integrated Farming စုပေါင်းစိုက်ပျိုး မွေးမြူရေးလုပ်ငန်းလုပ်သင့်ပြီး ဆိတ်၊ ကျွဲများ မွေးသင့်ကြောင်း၊ ကန်ဘောင်တွင် အပင်အိုများ ခုတ်လှဲပြီး အပင်သစ်များစိုက်သင့်ကြောင်း၊ မိမိမှာ ပေါက်ပန်းဖြူ ပင်များစိုက်ထားကြောင်း၊ ရေနက် ကွင်းကိုသာယာအောင် လုပ်ထားပြီးလာရောက် လေ့လာရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားပါသည်။

- ဦးမျိုးညွန့် အတွင်းရေးမှူး၊ မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းက သင်္ကြန်ပြီးချိန်မှစပြီး ကွန်တိန်နာအကြပ်အတည်းဖြစ်နေပါကြောင်း၊ ကွန်တိန်နာများကို ငှားမရ၊ ထုတ်မရဖြစ်နေပါကြောင်း၊ Export လုပ်ငန်းအပြင် Import လုပ်ငန်းများတွင်လည်း ပြဿနာ ရှိပါကြောင်း၊ ပြည်ပပို့ကုန်များထိခိုက်သဖြင့် Custom နှင့် ဆိပ်ကမ်းဌာနများက ဖြေရှင်းပေး စေလိုကြောင်း၊ နေပူထဲတွင်ကားများ ကြာမြင့်စွာတန်းစီစောင့်ရသဖြင့် အပူချိန်တက် လာပါကြောင်း၊ ဆိပ်ကမ်းတွင်လည်း ပလပ်ထိုးရန်မရသဖြင့် အခက်အခဲရှိပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တင်ပြထားပါကြောင်း၊ ကွန်တိန်နာသုံး ရေထွက်ပစ္စည်းများမှာ တန်ဘိုးကြီးမားပြီး ပျက်စီးသွားပါက လုပ်ငန်းရှင်များယိုင်သွားနိုင်ပါကြောင်း၊ Exporter အသင်းအနေ ဖြင့် နောက်လတွင် ဘန်ကောက်မြို့၌ ကျင်းပမည့် Provite 2016 ပြပွဲကို သွားရောက်ရန်ရှိပါကြောင်း၊ သြဂုတ်လတွင်လည်း အာဆီယံ၊ ထိုင်းငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပမည့် အာဆီယံရေထွက် ပစ္စည်းဆိုင်ရာ ညီလာခံပြပွဲကို ဘန်ကောက်မြို့တွင် သြဂုတ်လ(၄)ရက်မှ(၆)ရက်နေ့အထိ ပြသရန်စီစဉ် နေပါကြောင်း၊ စိတ်ဝင်စားသူများကို ဖိတ်ခေါ်ပါကြောင်း ပြောကြားပါသည်။

- ဒေါက်တာသက်မှူး ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငါး/ပုစွန်အစာထုတ်လုပ်ရောင်းဝယ်သူများအသင်းက အသင်း အနေဖြင့် အစာကုန်ကြမ်းဈေးနှုန်းများကို စဉ်ဆက်မပြတ်လေ့လာပြီး တင်ပြခဲ့ပါကြောင်း၊ ယခု အခါ ဖွဲနုဈေးမကျဘဲ ဆီထွက်သီးနှံကုန်ကြမ်းများ ဈေးကျပါကြောင်း၊ ဖွဲနု(၁)ပေါင်လျင် ၂၀၁၄ ခုနှစ်က (၈၅)ကျပ်၊ ၂၀၁၅ခုနှစ်က (၉၅)ကျပ် ရှိသော်လည်း ယခုနှစ်မေလတွင် (၁၃၃) ကျပ် ဖြစ်နေပါကြောင်း၊ ကုန်ကြမ်းဈေးနှုန်းများမှာ ဆန်စက်၊ ဆီစက်များတွင်လည်း မူတည်ပါကြောင်း၊ ဆန်စက်၊ ဆီစက်များ အခြေအနေမကောင်းလျင် အစာတွင်ပြဿနာဖြစ်တတ်ပါကြောင်း၊ မြင်းခြံဘက်မှ စက်များစုံစမ်းကြည့် ရာတရုတ်ပြည်မှ ပဲသိတ်မ၀ယ်ပါကြောင်း၊ ယမန်နှစ်က ပဲဖတ်(၁)ပိဿာ(၁၀၀၀)ကျပ်ဖြစ်ပြီး ယခုနှစ် (၉၅၀)ကျပ်ဖြစ်နေသဖြင့် ဈေးကျပါကြောင်း၊ ဖွဲနုက ဈေးတက်ပါကြောင်း၊ ဆန်ကွဲနှင့်ပြောင်းကလည်း ဈေးကျရန်မလွယ်ကူပါကြောင်း၊ ပဲပုတ်ဖတ်သည် အိန္ဒိယ၊ အာဂျင်တီးနားတို့မှ ၀င်နေပြီး(၁) ပိဿာ (၈၀၀) ကျပ်၊ (၈၅၀)ကျပ်ရှိကြောင်း၊ ပရိုတင်း ဓါတ်မကျဘဲ အရည်အသွေးလည်း ကောင်းပါကြောင်း၊ အစာကုန်ကြမ်း ပြည်ပမှတင်သွင်းမှုကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကူညီပါရန် တောင်းဆိုပါကြောင်း၊ ဗီယက်နမ် နိုင်ငံမှ Floating အစာနမူနာကိုလည်း လေ့လာခဲ့ပါကြောင်း၊ ငါးသားပေါက် Fingerling အရွယ် အစားကို အလေးထားထုတ်လုပ်ကြောင်း၊ ယင်းအရွယ်တွင် အာဟာရပြည့်နိုင်မှသာ ကြီးထွားနှုန်း ကောင်းမွန်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် Snake Head ငါးမွေး မြူရေးအောင်မြင်နေပါကြောင်း၊ (၁)နှစ်လျင်(၂)ကြိမ်(၃)ကြိမ် မွေးမြူထုတ်လုပ်နိုင်ကြောင်း၊ မြန်မာနိုင်ငံ မရွှေဥကျေးရွာတွင် Hatchery မှ ထုတ်လုပ်နိုင်ရန် ကြိုးစားနေကြောင်း၊ ဧက(၁၆၀)တွင် စမ်းသပ်မွေးမြူရန် လုပ်ကိုင် နေကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကြိုးစားမွေးမြူကြစေလိုကြောင်း၊ ၂၀၁၇ ခုနှစ်တွင် Size အသေး Floating အစာစပ်စက်ရုံတည်ဆောက်ရန် ကြိုးစားနေကြောင်း၊ မွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် Feed Industry များက အရေးကြီးပါကြောင်း၊ ဘန်ကောက် မှာ International Feed Industry Federation ပေါ်ပေါက်နေကြောင်း၊ သူတို့ဖွဲ့စည်းထားတာ ဖြစ်ကြောင်း၊ အစာနှင့်ပတ်သက်၍ အဖွဲ့ချုပ်အဖြစ်တည်ရှိနေကြောင်း၊ ယင်းအဖွဲ့ချုပ်က ခွင့်ပြုပါက IFIF အဖွဲ့ချုပ်သို့ မြန်မာနိုင်ငံအစာအသင်းက ၀င်ရောက်ရန်အစီအစဉ်ရှိပါကြောင်း ပြောကြားပါသည်။

- ဦးထွန်းစိန် အတွင်းရေးမှူး၊ မြန်မာနိုင်ငံငါးပိ၊ ငါးခြောက်၊ ငံပြာရည်ထုတ်လုပ်ရောင်းဝယ်သူများ အသင်းက ယခုအချိန်သည် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းရှင်များနှင့်ပတ်သက်၍ ရာသီ ကုန်ခါနီး အချိန်ဖြစ်ကြောင်း၊ ငါးခြောက်ကို ထုတ်လုပ်နေဆဲဖြစ်ကြောင်း၊ ငါးပိ၊ ငါးခြောက် ဆိုးဆေး နှင့်ပတ်သက်၍ အခြေအမြစ်မရှိသောသတင်းများ တင်ပြလိုကြောင်း၊ ထိုသို့အခြေအမြစ်မရှိသော သတင်းများ ထွက်ပေါ် လာသဖြင့် ငါးပိထုတ်လုပ်သူများက Media များရှေ့တွင် ရှင်းပြ လိုကြောင်းကို တင်ပြလာပါကြောင်း ပြောကြားပါသည်။

- ဦးမြသူ ကျားဖောင်လုပ်ငန်းရှင်၊ နောက်မီးကျေးရွာ၊ ဖျာပုံမြို့နယ်က အဓိကတင်ပြလိုသော ရည်ရွယ်ချက်မှာ (၄)လပိုင်း(၂၄)ရက်နေ့မှစ၍ ဧရာဝတီတိုင်းမှထွက်သော ငါးပိများတွင်(၈၀) ရာခိုင်နှုန်း သည် ဆိုးဆေးများအသုံးပြုထားသည်ဟု ပြောဆိုသောကြောင့် လာရောက်ရှင်းလင်း ဆွေးနွေးခြင်းဖြစ်ကြောင်း၊ မိမိတို့ပြုလုပ်သော ငါးပိများတွင် ဆိုးဆေးနှင့်ဓါတုပစ္စည်းများ လုံးဝမပါ ၀င်ကြောင်း၊ သတင်းမှားများ ထုတ်ပြန်သောကြောင့် ထုတ်လုပ်သူများအတွက် နစ်နာပါကြောင်း၊ စားသုံးသူများ မကြောက်လန့်စေလိုကြောင်း၊ အန္တရာယ်မရှိပါကြောင်း၊ လူထုအနေဖြင့် ဖြစ်ရပ်မှန်ကို သိစေလို သောကြောင့် လာရောက်ရှင်းလင်းရခြင်းဖြစ်ကြောင်း၊ ဖျာပုံခရိုင် နောက်မီးကျေးရွာမှ ကျားပိုက် လုပ်ငန်းရှင်များ ကိုယ်တိုင်ငါးပိလုပ်ပါကြောင်း၊ တစ်နိုင်ငံလုံးလိုအပ်မှု၏ (၆၅)ရာခိုင်နှုန်း၊ (၇၀) ရာခိုင်နှုန်းခန့်် ထုတ်လုပ်ပေးနိုင်ကြောင်း၊ (၈၀)ရာခိုင်နှုန်းက ဆိုးဆေးကင်းကြောင်း အာမခံ ပါကြောင်း၊ ယင်မနားဆေးများလည်း မသုံးပါကြောင်း၊ ဦးဘအုပ်ခိုင်က ထုတ်လုပ်သူတိတိကျကျ မပြောသွား ပါကြောင်း၊ အရေအတွက်လည်း မပြောပါကြောင်း၊ မိမိတို့အနေဖြင့် ဆိုးဆေး၊ ယင်မနားဆေးများ မသုံးကြောင်း၊ လာရောက်ရှင်းလင်းတင်ပြခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။

- ဒေါ်အေးခင် ဘိုမတံဆိပ် ငါးပိထုတ်လုပ်သူ၊ နောက်မီးကျေးရွာက မိမိတို့ငါးပိထုတ်လုပ်သူများသည် (၂၀၀၉) ခုနှစ်နောက်ပိုင်း ဆိုးဆေးများမသုံးတော့ပါကြောင်း၊ ဦးဘအုပ်ခိုင်၏ ပြောကြားချက်သည် မှန်မှန်ကန်ကန်လုပ်ကိုင်နေသူများ၏ စီးပွားရေးကို ထိခိုက်စေပါကြောင်း၊ ဥိးဘအုပ်ခိုင်သည်လည်း မိမိတို့ဒေသသို့ တစ်ခေါက်မျှလာရောက်ခြင်းမရှိပါကြောင်း၊ ဧရာဝတီတိုင်းသည် ကျယ်ဝန်ပြီး နောက်မီး ကျေးရွာသည် ငါးပိအများဆုံးထွက်ရှိကြောင်း၊ မြင်းခြံ၊ မန္တလေး၊ မကွေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်း ချလျက်ရှိရာ ဆိုးဆေး၊ ယင်မနားဆေးများသုံးစွဲခြင်းမပြုကြောင်း၊ လာရောက်ရှင်းလင်းတင်ပြခြင်း ဖြစ် ကြောင်း ပြောကြားပါသည်။

- ဦးစိုးဝင်း နာယက၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ငါးပိသည်မြန်မာလူမျိုးတို့အတွက် အဓိက အစားအစာဖြစ်ကြောင်း၊ မမှန်ကန်သောပြောဆိုကြေညာမှုကြောင့်၊ ရေလုပ်သားများနှင့် ငါးပိ ထုတ်လုပ်သူများကို ထိခိုက်နိုင်ကြောင်း၊ ဆိုးဆေးမပါဝင်ကြောင်း ပြောလျင်ခိုင်လုံသော အထောက်အထား လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေရှိကြောင်း၊ FDA လည်းရှိပါကြောင်း၊ ပြစ်မှုကျူးလွန် သောကြောင့် အရေးယူမှုလည်းရှိကြောင်း၊ FDA ကခိုင်လုံသော သက်သေမပြနိုင်လျင် နစ်နာသူက ဥပဒေအရ ပြန်လည်အရေးယူနိုင်ပါကြောင်း၊ Media များကို အသေးစိတ်ရှင်းပြစေလိုကြောင်း ပြောကြားပါသည်။

- ဒေါက်တာဒေါ်တိုးနန္ဒာတင် ဘဏ္ဍာရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်က မတရားသော ကိစ္စများကို ကူညီဖြေရှင်းပေးနေသည်မှာ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဖြစ်ကြောင်း၊ မတရား လုပ်သည်ဆိုသော တိုင်တန်းချက်များတက်လာပါကြောင်း၊ ငါးဖမ်းသင်္ဘောများလျှော့ရန် စဉ်းစား နေချိန်တွင် ငါးဖမ်းသင်္ဘောအသစ်များတင်သွင်းခွင့်၊ တည်ဆောက်ခွင့်များ ခွင့်ပြုပေးအပ် ခဲ့မှုမရှိ ပါကြောင်း၊ (၂၀၁၁)ခုနှစ်တွင် တနင်္သာရီတိုင်းက တင်သွင်းခွင့်တောင်းရာမပေးခဲ့ပါကြောင်း၊ ဆွေးနွေးပွဲ ကို(၄)ရက်လုပ်စဉ်က ငါးဖမ်းရေယာဉ်ထပ်မတိုးရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ ပင်လယ်ပြင်တွင် ငါးသယံဇာတ လျော့နည်းနေစဉ် သင်္ဘောတိုးပေးသည်မှာ မသင့်ကြောင်း၊ (၂၀၁၅)ခုနှစ် မေလတွင် တနင်္သာရီတိုင်းအသင်း အကျိုးအတွက်အစီး(၂၀)တောင်းသည်ကို မပေးခဲ့ပါကြောင်း၊ သို့သော်လည်း (၂၀၁၅)ခုနှစ် နိုဝင်ဘာလတွင် ကုမ္ပဏီတစ်ခုက အစင်း(၅၀) တိုးတောင်းသည်ကို ပေးခဲ့ပါကြောင်း၊ တရားမျှတမှုမရှိဟု ပြောဆိုသည်ကြားမှ (၈)စီးတင်သွင်းခွင့် ရခဲ့ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးထံ ဆက် လက်တင်ပြရန်လုပ်ဆောင်နေပါကြောင်း၊ တရားမျှတမှု မရှိသည်ကို သိစေလိုကြောင်း၊ အခြား သူများလည်း လျှောက်နိုင်သည်ဆိုလျင် လျှောက်ကြမည် ဖြစ်ကြောင်း၊ (၁၉၈၀)ခုနှစ်ရှိ ငါးသယံဇာတနှင့် (၂၀၁၃-၂၀၁၅)ခုနှစ်ရှိ ငါးသယံဇာတ ယှဉ်ကြည့်လျင် (၉၀)ရာခိုင်နှုန်း လျော့နည်းသွားပြီဖြစ်ကြောင်း၊ MSY သည် (၁.၀၅) သန်းမှ (၁)သိန်းသို့ လျော့ကျသွားကြောင်း၊ ငါးဖမ်း သင်္ဘောများ တင်သွင်းလာခြင်းသည် တရားမျှတမှု မရှိသောကြောင့် နိုင်ငံတော်အစိုးရက တားဆီးပေးရ မည်ဖြစ်ကြောင်း၊ ငါးပိထုတ်လုပ်သူများ အနေနှင့်လည်း ကိုယ့်ငါးပိကို FDA ထောက်ခံစာ ရရှိရန် ပြန်လည်စစ်ဆေး စေလိုကြောင်း၊ သက်သေခိုင်မာရန်လိုအပ်ပြီး သက်သေခိုင်မာပါက ပြန်တရားစွဲ၍ရ ကြောင်း၊ ငါးပိ၊ ငါးခြောက်လုပ်ငန်းရှင်များဘက်မှ ရပ်တည်ပေးမည်ဖြစ်ကြောင်း ပြောကြားပါသည်။

- ဦးထွန်းအေး ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းက ရေထွက်ပစ္စည်း ပြည်ပတင်ပို့သော လုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်း၊ လာမည့်နှစ်တွင် ငါးပုစွန်ထုတ်လုပ် မှုများ ကျဆင်းပြီး ဈေးတက်မည်ဟုမှန်းဆကြောင်း မွေးမြူရေးသမားများကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာဈေး (၁၁၃၀)ကျပ်ထိ ကျသွားပါ ကြောင်း၊ (၁၀၀၀)အောက်အထိ ကျမည်ဟု ဆိုကြကြောင်း၊ ယခုအခါ နိုင်ငံတော်တွင် ပြည်ပပို့ကုန်နည်းပြီး သွင်းကုန်က များနေသဖြင့် လိုငွေပြနေကြောင်း၊ ဒေါ်လာဈေးကျစရာ အကြောင်းမရှိကြောင်း၊ နိုင်ငံခြားက ကူညီသည် ဆိုသော်လည်း ငွေမဟုတ်ဘဲ နည်းပညာနှင့် ပညာရှင်များသာဖြစ်ကြောင်း၊ ထုတ်ကုန်များမှ သာ နိုင်ငံချမ်းသာမည်ဖြစ်ကြောင်း၊ ယခုအခါ ရေထွက်ကုန်ပစ္စည်း ထုတ်ကုန်ကျဆင်းနေကြောင်း၊ တိုး တက်စေရန် မည်သို့ လုပ်မည်ကို စဉ်းစားလိုကြောင်း၊ ယခင်က ထုတ်လုပ်မှုအနေဖြင့် တန်ချိန်၊ တန်ဘိုး ရည်မှန်းချက်ရှိပါကြောင်း၊ ယခုမရှိပါကြောင်း၊ ယခင်က ပြည်ပသို့ ပို့ကုန်မြှင့်တင်ရေး ကော်မတီ ရှိခဲ့ပါကြောင်း၊ မူကောင်းသော်လည်း အကောင်အထည်ဖော်နိုင်မှု အားနည်းကြောင်း၊ ပို့ကုန်အနေဖြင့် ထုတ်လုပ်မှုကောင်းလျင် အလားအလာကောင်းကြောင်း၊ EU ကပိတ်ဆို့မှု ဖွင့်ပေးပြီး Tax မရှိတော့ကြောင်း၊ တရုတ်၊ ဂျပန်တို့လည်း ဖွင့်ပေးလာကြောင်း၊ သို့သော် ရောင်းစရာ ပစ္စည်းမရှိပါကြောင်း၊ ပင်လယ်ပြင်ငါးပုစွန် သယံဇာတလည်း (၁၀)ရာခိုင်နှုန်းခန့်သာ ကျန် တော့သဖြင့် အားကိုးမရတော့ကြောင်း၊ မွေးမြူရေးကိုသာ အားကိုးရတော့မည်ဖြစ်ကြောင်း၊ Export တိုး မြှင့်ရေးကော်မတီ ဖွဲ့သင့်ကြောင်း၊ ပြည်ပမှတရားမ၀င် ၀င်ရောက်နေသော ကုန်ပစ္စည်းများ တရားဝင်ဖြစ်သင့်ကြောင်း၊ ငါးပိလည်း ပြည်ပပို့တာရှိကြောင်း၊ တစ်ဖက်က FDA ခွင့်ပြုမည်ဆိုပါက တရားဝင် တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ပြည်ပတွင် မြန်မာ သန်းနှင့်ချီ၍ ရောက်ရှိနေသဖြင့် ဈေးကွက်ရှိ သော်လည်း မတရားမ၀င်တင်ပို့နေကြရကြောင်း၊ ငါးပိထုတ်လုပ်သူ လုပ်ငန်းရှင်များ တင်ပြသကဲ့သို့ အခြားအသင်းအဖွဲ့များကလည်း မိမိတို့လုပ်ငန်း အခက်အခဲများကို ငါးလုပ်ငန်း အဖွဲ့ချုပ်သို့ တင်ပြစေလို ကြောင်း၊ လုပ်ငန်းအခက်အခဲများကို ကူညီဖြေရှင်းပေးရန်အတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် တာဝန်ရှိကြောင်း၊ ငါးပိလုပ်ငန်းရှင်များအနေဖြင့် သတင်းစာ ရှင်းလင်းပွဲလုပ်သင့်ကြောင်း၊ ကိုယ့်ဘက်က ခိုင်မာလျင် တရားစွဲနိုင်ကြောင်း၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်အသင်းနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် တို့က ၀ိုင်းဝန်းကူညီမည်ဖြစ်ကြောင်း ပြောကြားပါသည်။

- ဦးဝင်းကြိုင် အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က FDA က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် အခန်းငှားပြီး အစည်းအဝေးများလုပ်ခဲ့ဘူးကြောင်း၊ ယခုအခါ ဦးဘအုပ်ခိုင်၏ ဥပဒေမဲ့ ပြောကြားချက်များကြောင့် ခွင့်ပြုချက်မပေးရန် ဆွေးနွေးမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကချင်းမဟုတ်ဘဲ အသင်းအနေဖြင့် တရားစွဲသင့်ပြီး အဖွဲ့ချုပ်ကကူညီမည်ဖြစ်ကြောင်း၊ ယမန်နေ့က ညောင်တုန်းမှ ငါးမွေးမြူရေးလုပ်ငန်းရှင်တစ်ဦး ရောက်ရှိလာပြီး တင်ပြကြောင်း၊ ညောင်တုန်းတွင် ငါးကန်ရှိပြီး ရေကြီးနစ်မြှုပ်၍ ပိသာ(၃)သိန်းခန့်နစ်နာခဲ့ကြောင်း၊ ရေကျချိန်တွင် ငါးကန်ဘောင် ထပ်မြှင့် ခဲ့ပါကြောင်း၊ နစ်နာသော်လည်း လက်မလျှော့ဘဲ ငါးဆက်မွေးခဲ့ရာ လုံခြုံရေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် အထောက်အထားပြည့်ပြည့်စုံစုံဖြင့် တင်ပြလာလျင် နိုင်ငံတော်အစိုး ရနှင့် လွှတ်တော်သို့ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးမှ ငါးကန်များလုံခြုံရေး ပိုမိုဆိုးဝါးလာကြောင်း၊ ခိုးတာမဟုတ်ဘဲ လုတာဖြစ် နေကြောင်း၊ လူအုပ်ဖြင့် ရမ်းကားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း အရေးအမယူရဲဖြစ်နေကြောင်း၊ ကျေးလက်ဒေသတွင် ဥပဒေစိုးမိုးမှုမရှိလျင် မွေးမြူရေး လုပ်ငန်းများ မအောင်မြင်နိုင်ကြောင်း၊ လွှတ်တော်တွင်တင်ပြခဲ့ကြောင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရ၊ တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရများကို ဆက်လက် တင်ပြမည် ဖြစ်ကြောင်း ပြောကြားပါသည်။

- ဦးစိုးဝင်းသဘာပတိ၊ နာယက၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ငါးပိ၊ ငါးခြောက်လုပ်ငန်းရှင်များ အားတက်သရော ဆွေးနွေးခဲ့ကြသဖြင့် ကျေးဇူးတင်ကြောင်း၊ နောင်တွင်လည်း ကိစ္စရှိပါက မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ကူညီမည်ဖြစ်ကြောင်း၊ အပြန်အလှန်အားကိုးသင့်ကြောင်း၊ တစ်ဦးခြင်းတင်ပြနေ လျင် မအောင်မြင်နိုင်သဖြင့် အသင်းအဖွဲ့အားဖြင့် ဆောင်ရွက်စေလိုကြောင်း၊ မိမိဖက်က အထောက်အထားခိုင်မာရန်လိုအပ်ကြောင်း၊ ထုတ်ကုန်များကို အဆင့်မြင့်မား စေရန်လုပ်သင့်ကြောင်း၊ ထိုသို့မဟုတ်ပါက နိုင်ငံခြားမှဝင်လာမည်ဖြစ်ကြောင်း၊ ကွန်တိန်နာ အခက်အခဲဖြစ်သော ကိစ္စများ အဖွဲ့ချုပ်ကဆွေးနွေးပြီးဖြစ်ကြောင်း၊ အကောက်ခွန်ဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကို ထပ်မံ တင်ပြရန်လိုပါကြောင်း၊ အဖွဲ့ချုပ်ကလည်း ကူညီမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ ယခင်ကလည်း တင်ပြခဲ့ဘူးကြောင်း၊ ယခု မိဒီယာများကိုလဲ ပြောစေချင်ကြောင်း၊ အထွေထွေအတွင်းရေးမှူးက လွှတ်တော်တွင် ချဉ်းကပ်ပြောဆိုခဲ့ကြောင်း၊ ပြည်ထောင်စု ၀န်ကြီးထံသို့ တွေ့ခွင့်ပြုရန် စာဖြင့်တင်ပြထားပါကြောင်း၊ တွေ့ဆုံခွင့်ရလျင် တင်ပြမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုး ရေးကောင်းလာမည်ဟု မျှော်လင့်ကြောင်း၊ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများကိုလည်း တင်ပြရန်လိုပါကြောင်း၊ အဖွဲ့ချုပ်၏ ညီနောင်အသင်းများ တိုင်း၊ ခရိုင်အသင်းများသည် အာဏာပိုင် များနှင့် ဆက်သွယ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မွေးမြူရေးသမားများကလည်း ငါးမြစ်ချင်း မွေးမြူရာမှ ကကတစ်၊ ပုစွန်စသည်တို့ကို ပြောင်းလဲမွေးသင့်ကြောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် Management နှင့် ပြန်လည်သုံးသပ်မှုများ ကောင်းမွန်ပါက တိုးတက်မည်ဖြစ် ကြောင်း၊ ငါးပိ၊ ငါးခြောက်များကိုလည်း အဆင့်မြင့်စေရန် လုပ်ဆောင်သင့်ကြောင်း နိဂုံးချုပ် ပြောကြားပါသည်။

သတင်း-MFF

 

 

Local News


Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

International News


Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Seminar


Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Meeting


Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107

Warning: Creating default object from empty value in /home/cp773556/public_html/www.fishfedmyanmar.com/modules/mod_latestnews/helper.php on line 107